
သူကလစ်ဟင်း၊ မေ့လျော့ခြင်းကြောင့်
ထန်ပြင်းထောင်ကြွ၊ မျက်ဒေါသနှင့်၊
ကိုယ်ကလစ်ဟင်း၊ မေ့လျော့ခြင်းကြောင့်
ရင်တွင်အုံကြွ၊ ပူသောကနှင့်
ဒုက္ခရှုပ်ပွေ၊ ပင်လယ်ဝေ၍
နေလို့မကောင်း၊ ထိုင်မကောင်းဖြင့်
အိပ်လျောင်းမပျော်၊ သန်းခေါင်ကျော်ကို
ဖူးပေါ်လက်တင်၊ တွေးဆင်ခြင်က
“ငါလျှင်အထွတ်၊ ငါအမြတ်တည့်”
လာဟပ်အစွဲ၊ ငါ့ကိုခဲလျက်
ငါထဲနစ်မြုပ်၊ အဖြစ်ယုတ်တည့်။
အဟုတ်သစ္စာ၊ မြင်ရပါသော်
ချမ်းသာလိုက်ရ ထိုခဏ။
ရခဲပါလှ ယင်းခဏ။
စောင့်မျှော်လျက်ပါ့ ဧည့်ခဏ။
မင်းသုဝဏ်
ထန်ပြင်းထောင်ကြွ၊ မျက်ဒေါသနှင့်၊
ကိုယ်ကလစ်ဟင်း၊ မေ့လျော့ခြင်းကြောင့်
ရင်တွင်အုံကြွ၊ ပူသောကနှင့်
ဒုက္ခရှုပ်ပွေ၊ ပင်လယ်ဝေ၍
နေလို့မကောင်း၊ ထိုင်မကောင်းဖြင့်
အိပ်လျောင်းမပျော်၊ သန်းခေါင်ကျော်ကို
ဖူးပေါ်လက်တင်၊ တွေးဆင်ခြင်က
“ငါလျှင်အထွတ်၊ ငါအမြတ်တည့်”
လာဟပ်အစွဲ၊ ငါ့ကိုခဲလျက်
ငါထဲနစ်မြုပ်၊ အဖြစ်ယုတ်တည့်။
အဟုတ်သစ္စာ၊ မြင်ရပါသော်
ချမ်းသာလိုက်ရ ထိုခဏ။
ရခဲပါလှ ယင်းခဏ။
စောင့်မျှော်လျက်ပါ့ ဧည့်ခဏ။
မင်းသုဝဏ်
No comments:
Post a Comment