
ငါ့မှာလည်းငါ၊ သူ့မှာငါနှင့်
ငါ့ငါသူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့်ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါဒုက္ခပေး၊ ငါမအေး၍
ငါးအေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါကောင်းကိုရှာ၊ ငါဆိုးခွါသော်
ကွာလေသည်သို့၊ ဖြစ်သမို့လည်း
ခေါင်းလျှိုကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမြွေမခြား၊ နှဲသံကြားလျှင်
ပါးပျဉ်းထောက်လျက်၊ ငါသည်ထွက်၏။
အို…ဖွားဖက်ငါ၊ အသင်ငါနှင့်
ငါမလျှော့တမ်း၊ အားမာန်စမ်းအံ့
အစွမ်းသာသူ၊ ပန်းဆွတ်ယူလိမ့်
ငါမူငါ့ကို အောင်မည်လော။
ငါ့ကိုငါက အောင်မည်လော။ ။
မင်းသုဝဏ်
မဟေသီ ၊ ၁၊ ၂၀၁၁ မြ၀င် ဒဿန၏ ရခဲလှသည့်ထိုခဏ
ငါ့ငါသူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့်ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါဒုက္ခပေး၊ ငါမအေး၍
ငါးအေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါကောင်းကိုရှာ၊ ငါဆိုးခွါသော်
ကွာလေသည်သို့၊ ဖြစ်သမို့လည်း
ခေါင်းလျှိုကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမြွေမခြား၊ နှဲသံကြားလျှင်
ပါးပျဉ်းထောက်လျက်၊ ငါသည်ထွက်၏။
အို…ဖွားဖက်ငါ၊ အသင်ငါနှင့်
ငါမလျှော့တမ်း၊ အားမာန်စမ်းအံ့
အစွမ်းသာသူ၊ ပန်းဆွတ်ယူလိမ့်
ငါမူငါ့ကို အောင်မည်လော။
ငါ့ကိုငါက အောင်မည်လော။ ။
မင်းသုဝဏ်
မဟေသီ ၊ ၁၊ ၂၀၁၁ မြ၀င် ဒဿန၏ ရခဲလှသည့်ထိုခဏ
No comments:
Post a Comment