Not to do any evil, To do good, To purify the mind.

လွတ်လပ်မှု



ဤကဲ့သို့ တစ်ဦးတစ်ယောက်စီ ကိုယ်တိုင် တာဝန်ခံယူခြင်းဟူသော ကျင့်စဉ်မူအရ
ဗုဒ္ဓက တပည့်ရဟန်းတို့အား
လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ကို ပေးတော်မူခြင်းဖြစ်လေသည်။

မဟာပရိနိဗ္ဗာနသုတ်တော်တွင် မြတ်စွာဘုရားက
သံဃာအား ချုပ်ချယ်ထားရန် စိတ်မကူးခဲ့ကြောင်း၊
သံဃာကလည်း ဘုရားအပေါ်တွင် မှီုခို မနေစေလိုကြောင်းတို့ကို
ဟောကြားတော်မူခဲ့လေသည်။

၎င်း၏တရားတော်တွင် ထိန်ချန်ဖုံးအုပ်ထားသည့် အချက်ဟူ၍မရှိ။
အာစရိယမုဋ္ဌိခေါ် ဆရာ့လက်ဆုပ်လက်ကိုင်ဖြစ်၍
တပည့်တို့အား မသင်ကြား မပြသဘဲ ကွယ်ဝှက်ထားသည်ဟူ၍ မရှိ။

တနည်းဆိုသော် ဆရာစားချန်ထားသော အကြောင်းများမရှိဟု
ဗုဒ္ဓက မြွက်ဆိုခဲ့လေသည်။

ဗုဒ္ဓက ခွင့်ပြုတော်မူသော လွတ်လပ်စွာတွေးခေါ်မှုကို
အခြားဘာသာရေးရာ သမိုင်းများတွင် ကြားမျှပင် မကြားရဘူးချေ။
ဤလွတ်လပ်မှုမှာ အရေးတကြီးလိုအပ်လှပေသည်။

အကြောင်းမူ ဗုဒ္ဓ၏အဆိုအရ လူ၏လွတ်မြောက်ရေးသည်
သစ္စာတရားကို ကိုယ်တိုင် ရှာဖွေရယူနိုင်ခြင်းအပေါ်တွင်သာ တည်ရှိသည်။
မည်သည့်နတ်ဘုရားတန်ခိုးရှင်တို့ကမှ သူတို့၏သြဇာခံ၍
ကောင်းမွန်စွာ ကျင့်ကြံသည့်အတွက် ဆုလာဘ်အဖြစ်ဖြင့်
ချီးမြှင့်နိုင်သောအရာမဟုတ်ချေ။

မြတ်ဗုဒ္ဓဒေသနာ၊ ဦးကိုလေး
Photo: google search

No comments: